ကျနော်ရှာသမျှ သုံးသမျှလေးတွေကို တစ်ခြားဝါသနာတူတွေ လိုအပ်သူတွေ ပြန်သုံးနိုင်အောင် တတ်နိုင်သလောက် share ပေးခြင်းပါ။ တစ်ချို့ဖိုင်တွေက ကျနော်ကိုယ်တိုင် တင်ပေးသလို တစ်ချို့တွေကိုတော့ တစ်ခြားကနေ credit ပေးပြီးပြန်shareပေးတာပါ။ တစ်ချို့ဖိုင်ဆိုဒ်ကြီးတာတွေကိုတော့ မူရင်းlink ကိုပဲ ပြန်ညွှန်းပေးပါတယ်။

Read more

Tuesday, October 1, 2013

0


 
Y511-U00 ကို မြန်မာစာထည့်ဖို့ နည်းလမ်းလေးတစ်ခု မျှဝေချင်ပါတယ်..
ထုံးစံအတိုင်း ပြင်ဆင်စရာတွေကတော့-
1. PC မှာ Driver တင်ထားပါ.. မရှိရင် အောက်ကလင့်မှာဒေါင်းပါ.. အကောင်းဆုံးကတော့ Huawei အတွက် HiSuite ပါပဲ..
2. Phone မှာ USB Debugging နဲ့ Unknown Source ကို On ထားပါ..

ပြီးရင် စရအောင်.
1. အောက်ကလင့်မှာ ဖိုင် (၂) ခုကို ဒေါင်းလိုက်ပါ..
2. ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ပါ.. ဒေါင်းထားတဲ့ထဲက Recovery File ကိုဖြည်လိုက်ပြီး RunMe.bat ကို ညာကလစ်ထောက် Run as Administrator နဲ့ Run ပေးပြီး ကီးဘုတ်က ကီးတစ်ခုခုကို နှိပ်ပေးလိုက်ပါ.. သူ့အလိုလို အလုပ်လုပ်သွားပြီး Reboot ကျသွားပါလိမ့်မယ်..
3. ဒေါင်းထားတဲ့ထဲက Font.zip ကို မဖြည်ဘဲ SD Card ထဲထည့်. ဖုန်းထဲကို SD Card ထည့်ပါ.. ဖုန်းကို ပါဝါပိတ်ပါ..
4. ဖုန်းရဲ့ Volume Up နဲ့ Power ကိုတွဲနှိပ်ပြီး Recovery Mode ကိုဝင်ပါ.. အဲဒီထဲမှာ Apply From SD Card ဆိုတာကိုရောက်အောင် Volume Up/Dwn ခလုတ်တွေသုံးပြီး ရွှေ့လိုက်ပါ.. ရောက်ရင် Power ကို တစ်ချက်နှိပ်ပေးပါ.. အထဲမှာ ခုနက ထည့်ထားတဲ့ Font.zip ကိုရောက်အောင်ရွှေ့လိုက်ပါ.. ပြီးရင် Power ကို တစ်ချက်နှိပ်ပေးပါ.. အလုပ်လုပ်နေတာကို မြင်နေရပါမယ်.. ပြီးသွားတဲ့အချိန်မှာ Reboot system now ဆိုတဲ့စာသားပေါ် ရောက်နေပါမယ်.. မရောက်ရင် ရောက်အောင်ရွှေ့လိုက်ပြီး Power ကိုတစ်ချက်နှိပ်လိုက်ရင် Reboot ကျသွားပါမယ်.. ဒါဆို မြန်မာစာကို ဖတ်လို့ရသွားပါပြီ..
5. ရေးဖို့တော့ မြန်မာကီးဘုတ် လိုတယ်မဟုတ်လားဗျာ.. Bagan, ProMyanKey, Frozen Pro ကြိုက်တာသုံးနိုင်ပါတယ်.. အောက်မှာ ဒေါင်းပါ..


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

ဒီပို့စ်ကို LUCKY FRIENDS MOBILE SERVICES မှာတွေ့ရှိလာတာဖြစ်ပြီး ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်ခင်ဗျာ..

0 comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks

Popular Posts

Blog Archive

How to download

How to download