ကျနော်ရှာသမျှ သုံးသမျှလေးတွေကို တစ်ခြားဝါသနာတူတွေ လိုအပ်သူတွေ ပြန်သုံးနိုင်အောင် တတ်နိုင်သလောက် share ပေးခြင်းပါ။ တစ်ချို့ဖိုင်တွေက ကျနော်ကိုယ်တိုင် တင်ပေးသလို တစ်ချို့တွေကိုတော့ တစ်ခြားကနေ credit ပေးပြီးပြန်shareပေးတာပါ။ တစ်ချို့ဖိုင်ဆိုဒ်ကြီးတာတွေကိုတော့ မူရင်းlink ကိုပဲ ပြန်ညွှန်းပေးပါတယ်။

Read more

Friday, October 18, 2013

0
Huawei ဖုန်းတွေအတွက် Bootloader Unlock Code တောင်းစရာမလိုဘဲ ဖုန်းထဲမှာတင် Bootloader/Network Unlock လုပ်နိုင်ဖို့ Huawei All-in-One Bootloader Unlocker v1.0 for Android ကိုထုတ်ဝေလိုက်ပါပြီ ။ ဒီ Android application လေးကိုအသုံးပြုပြီး Bootloader unlock လုပ်နိုင်မှာပါ။ ဒီ application လေးကိုအသုံးပြုဖို့ ဖုန်းကို root လုပ်ထားဖို့တော့လိုအပ်ပါတယ်။ ယခု version 1.0 မှာတော့ Huawei U8951,Huawei U8825D, Huawei C8813, Huawei C8813D, Huawei Y300C, Huawei U8950D စတဲ့ Huawei ဖုန်းခြောက်မျိုးကို Bootloader/Network unlock လုပ်နိုင်ပါမယ်။ နောက် version တွေမှာ လိုအပ်သလိုထပ်မံဖြည့်စွက်သွားပါမယ်။ 


စမ်းထားသလောက်ဖုန်းတွေမှာ error ကင်းကင်းနဲ့Code တောင်းစရာမလိုဘဲ ဖုန်းထဲမှာတင် ဒီဆော့ဝဲလေးကိုအသုံးပြုပြီး bootloader/network unlock ပြုလုပ်နိုင်ပါပြီ။ IMEI လည်းမပျောက်ပါဘူး။ Huawei All-in-One Bootloader Unlocker v1.0 for Android ကို Donate လည်းလုပ်ရန်မလို ၊ ၀ယ်ရန်လည်းမလို ၊ မည်သူမဆို download ရယူနိင်တဲ့ Free version အနေနဲ့သာ ထုတ်ပေးလိုက်ပါတယ် ။ Huawei All-in-One Bootloader Unlocker v1.0 for Android ကို Myanmar Mobile App Store မှ ကိုသက်နိုင်စိုး (www.facebook.com/thetnaing.mmas) မှရေးသားဖန်တီးထားပါတယ်။ ဒီဆော့ဝဲလေးဖြစ်မြောက်ရန်လိုအပ်တဲ့အချက်အလက်များကို ကူညီပံ့ပိုးပေးခဲ့တဲ့ ကိုကျော်စွာသွင် နဲ့ စမ်းသပ်ရန်ဖုန်းများကိုကူညီပံ့ပိုးပေးခဲ့တဲ့ ကိုငလူ (Amara Super) ကိုလည်း ကျေးဇူးတင်ရှိပါတယ်။ Huawei All-in-One Bootloader Unlocker v1.0 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။
Ref : သက်နိုင်စိုး
 
မူရင်းလင့်မှာလည်း ရယူနိုင်ပါတယ်

Click Here Download

0 comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks

Popular Posts

Blog Archive

How to download

How to download