ကျနော်ရှာသမျှ သုံးသမျှလေးတွေကို တစ်ခြားဝါသနာတူတွေ လိုအပ်သူတွေ ပြန်သုံးနိုင်အောင် တတ်နိုင်သလောက် share ပေးခြင်းပါ။ တစ်ချို့ဖိုင်တွေက ကျနော်ကိုယ်တိုင် တင်ပေးသလို တစ်ချို့တွေကိုတော့ တစ်ခြားကနေ credit ပေးပြီးပြန်shareပေးတာပါ။ တစ်ချို့ဖိုင်ဆိုဒ်ကြီးတာတွေကိုတော့ မူရင်းlink ကိုပဲ ပြန်ညွှန်းပေးပါတယ်။

Read more

Monday, November 11, 2013

0
Format Factory.apk ကို Android မှာသုံးလို့ ရပြီ
===========================
နာမည်ကြီး Media ဖိုင်တွေကိုပြောင်းပေးနိုင်တဲ့ Format Factory ကို Android မှာသုံးလို့ ရပြီဖြစ်ပါတယ်။ Desktop App မှာလိုပဲ ဖိုင် ဖောက်မက် များစွာကိုပြောင်းပေးနိုင်တာကိုတွေ့ ရပါတယ်။ MP4, AVI, FLV, AKV, MP3, FLAC, AAC, M4A, WAV, OGG, AC3, APE and WMA စတဲ့ Audio , Video ဖိုင်တွေကိုပြောင်းပေးနိုင်ပါတယ်။
Format Factory မှာဖိုင်တွေ ကို ဖော်မက်ပြောင်းရတာလွယ်ကူပါတယ်။ (+) Button ကိုနှိပ် ပြီး Video or Audio နှစ်ခုထဲက Input ဖိုင်ဖော်မက်ကို ရွေးပါ။ ပြီးရင် ဖိုင်ကိုရွေးပါ။
Format Factory က အသုံးများတဲ့ ဖော်မက် ကို Preset အနေနဲ့ အလိုလိုရွေးချယ်ပေးပါလိမ့်မယ်။ သင်နှစ်သက်ရာ ဖောက်မက်ကိုပြောင်းနိုင်ပါတယ်။ Android, iPad, PS3 စ တဲ့ Device တွေနဲ့  အဆင်ပြေမယ့် ဖော်မက်တွေကို အလွယ်တကူတွေ့ မြင် ပြီးပြောင်းနိုင်ပါတယ်။ Video ဖိုင်ဆိုရင် Codec, Size, Aspect Radio, FPS, Bitrate (KBPS) စတာတွေကို သင်နှစ်သက်သလိုပြောင်းနိုင်ပါတယ်။
Audio ဖိုင်တွေကိုပြောင်းမယ်ဆိုရင် အပေါ်မှာဖော်ပြထားတဲ့


အသုံးများတဲ့ ဖော်မက်တွေကိုပြောင်းနိုင်ပါတယ်။ Advanced User တွေအတွက် Audio Frequency, Channel(Stereo or Mono) , Bitrate စတာတွေကို လိုသလိုပြောင်းနိုင်ပါတယ်။ ဒါ့အပြင် နှစ်သက်တဲ့ အချိန်အပိုင်းအခြားကိုသတ်မှတ်ပြီးလည်း Convert လုပ်နိုင်ပါတယ်။ အားလုံး သတ်မှတ်ပြီးရင်တော့ အောက်ဆုံးက Convert Button ကိုနှိပ်ပါ။
Format Factory မှာ ရွေးချယ်နိုင်တဲ့ ဖော်မက်တွေ၊ Settings တွေများစွာပါရှိပါတယ်။ ရိုးရှင်းပြီးအသုံးပြုရလွယ်ကူတဲ့ User Interface ကိုပြုလုပ်ပေးထားပါတယ်။ Premium Version ကိုလည်း ၀ယ်သုံးနိုင်ပါတယ်။ Premium Version မှာ ဘာတွေ ထူးခြားမလဲဆိုတာကိုတော့ Developer ကပြောကြားခြင်းမရှိသေးပါဘူး။

Download Format Factory

https://play.google.com/store/apps/details?id=com.keerby.formatfactory

0 comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks

Popular Posts

Blog Archive

How to download

How to download