ကျနော်ရှာသမျှ သုံးသမျှလေးတွေကို တစ်ခြားဝါသနာတူတွေ လိုအပ်သူတွေ ပြန်သုံးနိုင်အောင် တတ်နိုင်သလောက် share ပေးခြင်းပါ။ တစ်ချို့ဖိုင်တွေက ကျနော်ကိုယ်တိုင် တင်ပေးသလို တစ်ချို့တွေကိုတော့ တစ်ခြားကနေ credit ပေးပြီးပြန်shareပေးတာပါ။ တစ်ချို့ဖိုင်ဆိုဒ်ကြီးတာတွေကိုတော့ မူရင်းlink ကိုပဲ ပြန်ညွှန်းပေးပါတယ်။

Read more

Saturday, October 5, 2013

0


Facebook သုံးစွဲသူ Android ဖုန်း /Tablet ပိုင်ရှင်တွေအတွက်  5 ရက် 10 လပိုင်းမှာ ထွက်လာတဲ့ 
  Facebook version အသစ်လေးပါ Update မလုပ်ရသေးရင် အောက်မှာရယူုနိုင်ပါတယ်
Dwonload>>>>hotfile (or)mirrorcreator (or)zippyshare

What's New
-Use icons in status updates to express what you’re feeling or doing (English only)
-Edit your posts and comments, and tap to see all your changes
-See upcoming events at a glance on your favorite Pages
-Create and share new photo albums from your phone
-Bug fixes======== credit to amyokaungtarr

Friday, October 4, 2013

0

ယခုဆိုရင် မြို့ရွာကျေးနယ် တော်တော်များများမှာ ဗျောက်အိုးဖောက်သံတွေ ကြားနေရပြီထင်ပါတယ်။ ကျွန်တော်တို့ မန္တလေးမြို့မှာလဲ ရပ်ကွက်အလိုက် ဗျောက်အိုးသံတွေ တညံညံနဲ့ ထွက်ပေါ်စ ပြုနေပါပြီ။
ဗျောက်အိုးဖောက်တာကို ကျွန်တော်ကတော့ သက်သက်မဲ့ ငွေကို မီးရှို့တယ်လို့ပဲမြင်တယ်။ ဈေးကြီးတယ်လေ။ မီးပူလဲ လောင်နိုင်တယ်။
ဒါပေမဲ့ ဗျောက်အိုးဖောက်ခြင်းဟာ သီတင်းကျွတ်လရဲ့ သင်္ကေတ တစ်ခုလိုဖြစ်နေပြီ။ ဒီတော့ဗျာ ငွေမကုန်၊ မီးပူမလောင်ပဲ ပျော်စရာကောင်းတဲ့
ဗျောက်အိုး (Firecrackers ) app လေးကို သတင်းကျွတ်အမှတ်တရ အဖြစ် တင်ဆက်လိုက်ပါတယ်။

အတော်လန်းတဲ့ App လေးပါ။ ဗျောက် သေးသေးလေးတွေကနေ အကြီးကြီးတွေအထိပါရှိပါတယ်။ တကယ့်ကို အပြင်က ဗျောက်အိုး ပုံစံတွေနဲ့တူအောင် ဖန်တီးထားပါတယ်။
စနက်တံ မီးလောင်သွားပုံကအစ၊ အသံ creation တွေလဲ တော်တော် လန်းပါတယ်။ ဒီ App လေးကို ရှာတွေ့ခဲ့တာ ကြာပါပြီ။ သီတင်းကျွတ်ကျမှ ပေးမယ်လို့ဆုံးဖြတ်ထားတာ။
အခု သီတင်းကျွတ်ရောက်ပြီဆိုတော့ ဘော်ဒါတွေဆီ ပို့ပေးလိုက်ပါပြီ။
ဖုန်းစပီကာနဲ့တော့ ဗျောက်အိုးသံတွေက မကျယ်ပါဘူး။ အပြင် စပီကာ အကြီးကြီးတွေနဲ့တွဲပြီး ဖောက်လိုက်လို့ကတော့ ရှယ်ပဲပေါ့။ ပိုက်ဆံလဲ မကုန်၊ ဗျောက်အိုးအစုံလဲ ကလိလို့ရတယ်။ Pro version လေးဆိုတော့
ဗျောက်အိုးတွေ အစုံပါတယ်။ သူငယ်ချင်းတွေကို စနောက်လို့လဲရအောင် Lock screen တစ်ခုလဲပါရှိပါတယ်။ Lock screen က အတုပါ။ အချိန်တန်ရင် ဗျောက်အိုးတစ်ချောင်းကျလာပြီးပေါက်ကွဲပါလိမ့်မယ်။
ကဲ ကလိကြပေတော့။ Android 2.2 နှင့်အထက်တွင်အသုံးပြုနိုင်ပါတယ်။

download - (26MB)

https://www.dropbox.com/s/8nh3tlisfmq952t/ဗျောက်အိုး%20!!.apk

ပျော်ရွှင်ပါစေ။

credit to Mobile House
0



တစ်ခါတလေမှာ ဓါတ်ပုံတွေဟာ ဒီအတိုင်းပဲ ပရင့်ထုတ်လိုက်မယ်ဆိုရင် တစ်ခုခု လိုနေသလိုပဲ။
frame လေးခတ်လိုက်တော့မှ ပြည့်စုံသွားသလိုပေါ့ ။
   ခုဖရိမ်လေးတွေကို ကြိုက်ရင်တော့ ယူသွားလိုက်ပါ။
မောင်ကံ။

Cutouts for photoshop - Autumn in gilt frames
PSD \ 8 PNG | 2609 x 3504 | 300 dpi | 138,5 Mb


0

Huawei Y210C(Y210-2010) ဟမ်းဆက် ဟာ Android Version 2.3.6 ရှိပြီး GSM နဲ့ CDMA နှစ်ကဒ်လုံး အသုံးပြုနိုင်ပါတယ်။ ဈေးနှုန်းကလည်း ၇ သောင်း ၀န်းကျင်ပဲရှိတော့ လူသုံးများပါတယ်။ အခန့်မသင့်လို့ Firmware သေသွားခဲ့ရင် ပြန်တင်လို့ရအောင် Official Firmware လေးတင်ပေးလိုက်ပါတယ်ဗျာ။



လိုအပ်ရင် အောက်မှာ ဒေါင်းနိုင်ပါတယ်။

credit

June Moe Htet
 
Download Here (Original Link)
Download Here (Mediafire Link)
0

ဒီကောင်လေးက ဖုန်းရဲ့  Battery ကို ချစ်စရာကောင်းတဲ့ Minion အကောင်လေး
တွေနဲ့ ဖော်ပြပေးမဲ့ App လေးပါ။ဖုန်း Battery အနည်းအများပေါ်လိုက်ပီး
Minion အကောင်လေးတွေအမျိုးမျိုးပြောင်းသွားမှာပါ။အားသွင်းထားရင်လည်း
ပုံစံတစ်မျိုးနဲ့ ပြောင်းသွားမှာပါ။ဒီကောင်လေးကို widget အဖြစ် screen ပေါ်
မှာထားနိုင်ပါတယ်။ပီးတော့ Minion နာရီလည်း အပိုထဲ့ပေးထားပါတယ်။
ဖုန်း Battery ရာခိုင်နှုန်းကိုအတိအကျဖော်ပြပေးမှာ ဖြစ်တဲ့အတွက် ဒီဇိုင်းဆန်းးဆန်းနဲ
့သုံးချင်သူတွေအတွက်အကြိုက်ဖြစ်ပါလိမ့်မယ်။ကဲ............အသုံးလိုရင်တော့
အောက်ကလိပ်စာမှာရယူနိုင်ပါတယ်။အဆင်ပြေပါစေ။

Download
ဒေါင်းလော့ရယူရန်ကလစ်နှိပ်ပါ။
 

0


ဒါကို မတင်ခင်. Custom ROM ကိုလက်ခံနိုင်၊ လက်မခံနိုင် အရင်စဉ်းစားပါ.. လက်ခံနိုင်မှ လုပ်ပါလို့ ကြိုတင် သတိလေး ပေးထားပါရစေ.. လက်ခံနိုင်တယ်ဆိုရင် လုပ်နည်းလေး ပြောပါမယ်.. ဒီကောင်က G 300 8815 အတွက်တင်ထားတာဖြစ်ပြီး 8818 နဲ့လည်း အဆင်ပြေလို့ တင်ပေးလိုက်ပါတယ်..

1. ပထမဆုံး. ဖုန်းအတွက် Driver တင်ထားပါ.. Hisuite ရှိတဲ့သူဆိုရင် Huawei အတွက် အဆင်ပြေပါတယ်..
2.  ပြီးရင် ဖုန်းမှာ Unknown Source နဲ့ USB Debugging ကို On ထားပေးရပါမယ်..
3. ဖုန်းမှာ Android 4.0 နှင့်အထက်ဖြစ်ရင် CWM သွင်းရပါမယ်.. အောက်ကလင့်မှာဒေါင်းပါ..
4. ဖုန်းကို ပါဝါပိတ်လိုက်ပါ.. ပြီးရင် Volume Down + Power ကိုနှိပ်ပြီး Fast Boot Mode ကိုဝင်ပါ.. ခုLogo မှာရပ်နေတာ. Fast Boot Mode ပေါ့ဗျာ..). ဒီအဆင့်မှာ ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ..
5. ဒေါင်းထားတဲ့ဖိုင်ကို ဖြည်လိုက်ပြီး RunMe1.bat ကို ညာကလစ်ထောက်ပြီး Run as administrator နဲ့ Run လိုက်ပါ.. RunMe1 နဲ့ အဆင်မပြေရင် RunMe2.bat ကို Run ပါ.. သူ့လိုလို အလုပ်လုပ်ပြီး CWM သွင်းသွားပါမယ်...
3. Firmware ဒေါင်းပါမယ်.. အောက်ကလင့်မှာ ဒေါင်းပါ.. 156.4 MB ရှိတဲ့အတွက် လင်သေရင်တော့ ပြန်တင်ပေးဖို့ အဆင်မပြေပါ..
4. ရလာတဲ့ Zip File ကို မဖြည်ဘဲ SD Card ထဲကိုထည့်ပါ.. ပြီးရင် ဖုန်းထဲကို SD Card ထည့်ပြီး ပါဝါပိတ်ပါ..
5. ဖုန်းရဲ့ Volume Up နဲ့ Power ကိုတွဲနှိပ်ထားပါ.. Custom Recovery Mode တင်လာပါမယ်.. အဲဒီထဲက Install From SD Card ဆိုတဲ့စာပေါ်ကို ရောက်အောင် Vol Up/Dwn ခလုတ်တွေသုံးပြီး ရွှေ့ပါ.. ရောက်ရင် Power ကို တစ်ချက်နှိပ်လိုက်ပါ..
6. SD Card ထဲမှာရှိတဲ့ ဖိုင်တွေကို မြင်ရပါမယ်.. ခုနက ဒေါင်းပြီးထည့်ထားတဲ့ Firmware .zip ဆိုတဲ့ဖိုင်စာတမ်းဆီကိုရွှေ့လိုက်ပါအုံး.. ပြီးရင် Power ခလုတ်ကို တစ်ချက်နှိပ်လိုက်ပါ.. ဒါဆိုရင်တော့ Firmware တင်နေပါပြီခင်ဗျာ..
7. ပြီးသွားချိန်မှာ Reboot System Now ကိုရောက်နေပါမယ်.. Reboot မချသေးပါဘူး.. အောက်ကစာကြောင်းတွေထဲမှာ Wipe Cache/Wipe Factory Reset ကိုရွှေ့ပြီး Power ခလုတ်နှိပ်ကာ Wipe လုပ်ပေးလိုက်ပါ..
8. ပြီးသွားရင်တော့ Reboot System Now ဆီကို ရွှေ့ပြီး Power  တစ်ချက်နှိပ်ပေးလိုက်ပါ.. ဖုန်းက Reboot ကျသွားပြီး ပြန်တက်လာရင် Android 4.2.1 လေးနဲ့ ဂုဏ်ယူဝင့်ကြွားနိုင်ပါပြီ...

* ဟုတ် မဟုတ်.. About မှာ ကြည့်နှော်.. Developer Option မတွေ့တော့ဘူး.. တွေ့ချင်ရင်တော့ Build Number ကို 7 ချက်တိတိခေါက်ပါ.. ပြီးရင် သိုင်းကျူး ကိုမောင်ပေါက်. သိုင်းကျူး ကိုမောင်ပေါက် လို့. ၇ ခါ အော်ပါ.. Developer Option ပေါ်လာပါပြီ.. ဟီးး..


အဆင်ပြေပါစေ..

  credit to မောင်ပေါက်< Knowledge Note >

Thursday, October 3, 2013

0
 
 
ကဲဗျာ ဗေဒင်ကြည့်တာ ၀ါသနာပါတဲ့သူများအတွက်ပေါ့ဗျာ..။ ကွန်ပျူတာအတွက်ပါနော်.။ ဒီဗေဒင်ဆော့ဝဲက
တော့ ကိုယ်ကစီးပွါးရေးမှာ အောင်မြင်မှုရှိမလား အိမ်ထောင်ရေးကောင်းမလား စသဖြင့် ကိုယ်မေးချင်တာ
ကို အာရုံပြုပြီးတော့ကာ ရွေးချယ်ရတဲ့ ဗေဒင်အမျိုးအစားပါ..။ ကိုယ့်စိတ်ထဲမှာရှိတဲ့ မေးချင်တဲ့အရာကို အာရုံ
လေး စိုက်ပြီးတော့ မေးတာကတော့ ပိုကောင်းပါတယ်..။ ဒါမှဗေဒင်ကလည်း မှန်မှာပါ. အပျော်သဘောလုပ်
ရင်တော့ အပျော်ဘဲဖြစ်မှာပါ..။ဘယ်အရာမဆို စိတ်ကအဓိကပါ စိတ်ကမပါဘဲနဲ့ တစ်နည်းအားဖြင့် စိတ်အား
ထက်သန်မှု မရှိဘဲနဲ့ ဘယ်အလုပ်မှ အောင်မြင်မှုမရနိုင်ပါဘူး.။ ဒါကြောင့် ဒီဗေဒင်မေးတဲ့အခါမှာလည်းဘဲ စိတ်ထဲက အာရုံလေးစူးစိုက်ပြီးတော့ ရွေးချယ်သင့်တယ်လို့ အကြံပြုချင်ပါတယ်ဗျာ..။ လောကမှာ မြေရှိုးမိုးပျံ
နိုင်တာကလည်း စိတ်ပါဘဲ..။ 


ခုကျုပ်တို့ သုံးနေတဲ့ ကွန်ပျူတာတို့ ဖုန်းတို့ ဆိုတာကလည်း စိတ်နဲ့ကြံစည် ဆုံးဖြတ်ပြီးတော့ သေချာစွာ စမ်းသပ်ပြီး ပြုလုပ်ခဲ့ကြတာဟာလည်း စိတ်ကရှေ့သွားခေါင်းဆောင်ပါဘဲဗျာ..။ ကုသိုလ်ပြုချင်တာလည်း စိတ်ဘဲ အကုသိုလ်အမှု ပြုလုပ်ချင်တာ ပြောချင်တာတွေကလည်း စိတ်ပါဘဲ..။စိတ်ကလေးတည်ငြိမ်မှ သာလျှင်  အရာရာကောင်းမယ်ပေါ့..။ အကုသိုလ်မှာလည်း စိတ်တည်ငြိမ်မှု ရှိတယ်ဗျ
ဘာလည်းဆိုတော့ ငါးမြှားချနေတဲ့ သူတစ်ယောက် လင့်ပေါ်ကနေထိုင်စောင့်နေတဲ့သူ ဆနိုက်ဘာနဲ့ ချောင်း
နေတဲ့သူတွေဟာ စိတ်ငြိမ်နေတာဘဲ မဟုတ်လား.။ ဒီနေရာမှာတော့ ဗေဒင်ဆိုတော့ ကိုယ်ဖြစ်ချင်တာကို အာရုံပြုရမှာပေါ့ဗျာ..။ ကျုပ်အနေနဲ့ ဗေဒင်အကြောင်းမှနေပြီး အခြားအကြောင်းအရာလေးတွေကို ရောက်
သွားတယ်။ ဒါကတော့ ကျုပ်ရဲ့စတိုင်လို့ပြောမလား..။ စာလေးရေးတော့လည်း သူများလည်း ဖတ်ချင်အောင်
သဘောပေါက်အောင် ရေးရတာကိုဗျ..။

စိတ်ဟာ အတော်အရေးပါတယ်နော် ဗေဒင်ကြည့်ပြီး အောင်မြင်မယ် ဘာဖြစ်မယ် ညာဖြစ်မယ်နဲ့ ဟောပေ
မယ့် ကိုယ်ကဘာမှမလုပ်ရင် ဘာမှ မဖြစ်ပါဘူး..။ အဲဒီတော့ကာ အောင်မြင်မယ်လို့ သိလိုက်တဲ့အချိန်မှာ 
ကိုယ့်ကိုယ်ကို ဥာဏ်လေးနဲ့ယှဉ်ပြီးတော့ စဉ်စားတွေးခေါ်ကာ ၀ီရိယ အားထုတ်မှုလေးနဲ့ စတင်လိုက်ပါ..။
အောင်မြင်မှုတွေဟာ သင့်ရဲ့လက်တစ်ကမ်းမှာ ရှိတယ်ဆိုတာ ယုံလိုက်ပါ..။ အောင်ကိုအောင်မြင်ရမယ်ဆို
ပြီးတော့ လှုပ်ရှားလိုက်စမ်းပါ..။ ဒို့မြန်မာလူမျိုးတွေက ကံကိုပုံချ ဟိုဟာရိုးမယ်ချ ဒီဟာရိုးမယ်ချနဲ့ အောင်မြင်
မှုတွေ နဲနေတယ်..ငါကအစပေါ့ဗျာ..။ တစ်ကယ်ဖြစ်သင့်တာတွေကို တစ်ကယ်လုပ်.. အဟုတ်ဖြစ်မှာပါ..။

ကဲဗျာ ပျင်းနေရော့မယ်ထင်ပါရဲ့ စမ်းသပ်ရေးကြည့်နေတာပါ..။ ကံ ဥဏ် ၀ိရိယ သုံးပါး ပေါင်းဆုံးပြီး ဗေဒင်
ကြည့်ကြပေတော့ ။ ကံ ဥဏ် ၀ိရိယ သုံးပါး ပေါင်းပြီးတော့ အလုပ်တွေ လုပ်နိုင်ကြပါစေလို့ ဆုတောင်းရင်းဖြင့် ..ဆော့ဝဲလေး တင်ပေးလိုက်တယ်... အားလုံးဘဲ ကိုယ်စိတ်နှစ်ပါး ရွင်းလန်းချမ်းမြေ့ကြပါ
စေ....လို့ မိုးကောင်းကင် ဖောင်းပြင်မြို့နယ်သား အုန်းသာရွာသား တောသားမှ ဆုတောင်းရင်းဖြင့်...




0






ဒီ GAME လေးကတော့အားလုံးသိပြီးပါပြီ..
နာမည်ကြီးဂိမ်းလေးပါဗျာ.. counter_strike ဆို
လူငယ်တွေအားလုံးနီးပါးသိပြီးပါပြီနော်.. အခုက
Android အတွက်ထုတ်ထားတဲ့ဂိမ်းလေးပါဗျာ..
မိတ်ဆွေတစ်ယောက်က Network ချိတ်ပြီးကစားလို့ရမဲ့
Command ဂိမ်းလေးတောင်းထားလို့ရှာပြီးတင်ပေးလိုက်
တာပါ. PC game တော့မဟုတ်ဘူးပေါ့နော်.. PC game
ကိုလည်းကြိုးစားပြီးတင်ပေးသွားမယ်ဗျာ. PC game Size က
အနည်းဆုံး 512 MB ကျော်ရှိတော့ Uplode တင်ဖို့
အတွက် Connection အခက်အခဲလေးရှိလို့ပါနော်.. သည်းခံပြီး
ခဏတော့စောင့်ပေးပါဗျာ.. တင်ပေးပါမယ်.. အခု ဒီကောင်လေး
ကတော့ Network ချိတ်ဆော့လို့ရမယ်ထင်လို့ပါ.. ကျွန်တော့
ဖုန်းထဲကိုတော့ထည့်ပြီးဆော့ကြည့်ပီးပါပြီ.. Single game တော့
ဆော့လို့ရ့ပါတယ်..ရန်သူတွေကိုလိုက်ပြီးရှင်းရတာပါ.. ကဲ
အောက်မှာဒေါင်းယူသွားလိုက်ပါဗျာ..

credit to mmithelper

DOWNLOAD
0

Fast Pro for Facebook အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် 
October 2,မှာUpdateပေးလို့ တင်ပေးလိုက်ပါတယ်
သာမန် facebook apk ရဲ့ နှေးကွေး၊လေးလံမှုကြောင့် ငြီးငွေးနေပြီဆိုရင် Fast pro for facebook လေးသုံးကြည့်လိုက်ပါ….သင့်ကို စိတ်ကျေနပ်မှုပေးနိုင်မှာ အမှန်ပါပဲ.. ဒီဆော့ဝဲလ်လေးက သာမန် facebook ထက် အသုံးပြုရတာ သိသိသာသာမြန်ဆန်တာကိုတွေ့ရမှာဖြစ်ပါတယ်.. connection မကောင်းတဲ့ နေရာတွေမှာဆို ပိုအသုံးဝင်မှာ အသေအချာပါပဲ….security ပိုင်းအတွက်လည်း လုံးဝ စိတ်ချရဖို့ အာမခံထားပါတယ်.. လက်ရှိအသုံးပြုနေတဲ့ facebook လို features တွေပါဝင်လာမှာဖြစ်ပြီး ကွာသွားတာက  မြန်ဆန်မှုအပိုင်းပဲဖြစ်ပါတယ် ..အသစ်ထွက်ဗားရှင်းမှာ ပိုဖြည့်စွက်ထားတာကတော့  photo tagging, new tablet landscape layout တို့ပါဝင်မှာဖြစ်သလို  နောက်ခံ background ကိုလည်း မိမိကြိုက်နှစ်သက်တဲ့ အရောင် ထားပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်
https://play.google.com/store/apps/details?id=app.fastpro.com
မှာလေ့လာပြီး ကြိုက်ရင် အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
Download>>>mirrorcreator (or)zippyshare(or)hotfile
 
credit to amyokaungtarr

0

Plants vs. Zombies ကိုတော့ တော်တော်များများသိမှာပါ 10လပိုင်း2ရက်နေ့ထွက် အပ်ဒိတ်လေးပါ
ဝင်မရတဲ့သူငယ်ချင်းတွေကတော့ အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
Install APK,Place data folder in SDCard/Android/Obb/ and Play
 



credit to  အမျိုးကောင်း သား
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Popular Posts

How to download

How to download